- Overflow Music Festival ဖျော်ဖြေပွဲ၊ စင်ပေါ်မှာ ညစ်ညမ်းစကားတွေပြောဆိုခဲ့တဲ့ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေသူအပြင် ရိုက်ကူးရေး အဖွဲ့သား စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင် ထုတ်ပြန်
- စစ်တပ်က လက်လွှတ်ထားရတဲ့ မြို့အများအပြားရှိတဲ့ ချင်းပြည်နယ်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းပြန်ထိုးပြီး အရေးပါတဲ့နေရာတချို့ကို သိမ်းယူ
- အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၈ ခုမှာ စစ်တပ်ရဲ့လေကြောင်းကနေတမျိုး၊ လက်နက်ကြီးနဲ့တဖုံ ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၃ ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၅၀ နီးပါးရှိလာ
- စစ်မှုထမ်း သင်တန်း တက်ထားတဲ့ ၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပျူစောထီး ခေါင်းဆောင်တယောက် ညောင်လေးပင်မှာ အသတ်ခံရ ၁ဝ ယောက်ထပ်မနည်းရှိခဲ့
- ဖန်ဝေါင်း တိုင်ဖွန်းမုန်တိုင်း နက်ဖြန်မှာ ဖိလစ်ပိုင် လူဇုံကျွန်းကို ဝင်မယ်လို့ ခန့်မှန်းထား
- လွန်ခဲ့တဲ့ ၁ဝ နှစ်က အစ္စရေးစစ်သားအလောင်း ဟားမတ်စ်က ပြန်လွှဲပေးဖို့ စီစဉ်နေ
- အီရန်က ဒုတိယမြို့တော် မတ်ရှ်ဟတ်ဒ်မှာပါ ရေပေးဝေမှု ဖြတ်တောက် လျော့ချလာ
- ရုရှားစွမ်းအင်အဆောက်အုံတွေက ယူကရိန်းက တိုက်ခိုက်လို့ မြို့လူထုအမှောင်ထဲ နေနေရတယ်လို့ ဘဲဂါးရက်ဒ်မြို့တော်ဝန်က ပြောကြားတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
Published on Sunday, 9th November 2025.
Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.