- ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်မူကြမ်းကို အမြန်ဆုံး လက်ခံဖို့ ယူကရိန်းကို ရုရှား တိုက်တွန်း
- မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ရှိနေတဲ့ ကေကေပါ့ခ်ကို စစ်တပ်က စီးနင်း ဖျက်ဆီးခဲ့ပေမဲ့ ရွှေကုက္ကိုမြို့သစ်မှာတော့ လူတွေကို လိုက်လံဖမ်းဆီးတာတွေလောက်ပဲ လုပ်ခဲ့တယ်လို့ ဒေသခံတွေကပြော
- မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်းတချို့ တရားမဝင် ထုတ်ယူသွားပြီး တပ်ကိုပြန်မအပ်တာကြောင့် ဖမ်းဆီးထားကြောင်း NUG ထုတ်ပြန်
- ရွှေပြည်သာ သပိတ်ကော်မတီဝင် သုံးဦးကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) နဲ့ အမှုငါးမှုစီ စွဲပြီး ထောင်ဒဏ်နှစ် ၄၀ ကျော်စီ ချမှတ်လိုက်
- နိုင်ဂျီးရီးယားမှာ ကက်သလစ် ခရစ်ယာန်စာသင်ကျောင်းတစ်ခုကနေ ကျောင်းသားတွေနဲ့ ဝန်ထမ်းအများအပြား ပြန်ပေးဆွဲခံရ
- ဂျပန်မှာ စီးပွားရေး တိုးမြှင့်ရေး အသုံးစရိတ် အများအပြား သုံးစွဲမယ့် စီမံကိန်း တစ်ခုကို ကက်ဘိနက် အတည်ပြု
- အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်ရပ်သဘောတူချက် စအသက်ဝင်ခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းကစလို့ ဂါဇာဒေသမှာ စစ်ပွဲနဲ့ဆက်နွှယ်နေတဲ့ ဖြစ်ရပ်တွေအတွင်း ကလေးငယ်ပေါင်း ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ပြော
- အလှူရှင်နိုင်ငံတွေဆီက အလှူငွေတွေ လျော့ကျလာတဲ့အတွက် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က အသုံးစရိတ် ငါးပုံတစ်ပုံ နီးပါး လျှော့ချမယ်လို့ ထုတ်ပြန်
- ဘင်္ဂလားဒေ့ရှ်မှာ ပြင်းအား ငါးဒဿမငါး ငလျင်အတွင်း လူ ငါးဦးသေဆုံး
Published on Friday, 21st November 2025.
Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.