ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - ဖားကန့်မြို့နယ် ခွန်ဆာကုန်းမှာ ယမ်းဂိုဒေါင် ပေါက်ကွဲတာလို့ ၉ ယောက် သေဆုံး၊ စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်တာလို့ KIA ပြော

ဖားကန့်မြို့နယ် ခွန်ဆာကုန်းမှာ ယမ်းဂိုဒေါင် ပေါက်ကွဲတာလို့ ၉ ယောက် သေဆုံး၊ စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်တာလို့ KIA ပြော

Download ဖားကန့်မြို့နယ် ခွန်ဆာကုန်းမှာ ယမ်းဂိုဒေါင် ပေါက်ကွဲတာလို့ ၉ ယောက် သေဆုံး၊ စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်တာလို့ KIA ပြော

မေလ ၉ ရက် ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ်
- ကချင်ပြည်နယ်၊ ကျောက်စိမ်းဒေသ ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စု ထဲမှာ ပါတဲ့ ခွန်ဆာကုန်း ဆိုတဲ့ နေရာမှာ ဇွန် ၆ ရက် ညပိုင်းက ယမ်းဂိုဒေါင် ပေါက်ကွဲတာကြောင့် ကလေး သုံးယောက် အပါအဝင်လူ အနည်းဆုံး လူ ၉ ယောက် သေဆုံး၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ယမ်းစိမ်းနဲ့ မြေဩဇာထုတ်လုပ်တဲ့ ပစ္စည်းတွေ စုဆောင်းထားတဲ့ နေရာကို ကျရောက်ပေါက်ကွဲတာလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော

- စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က သူတို့ ဖွဲ့ပေးထားတဲ့ အထူး သယံဇာတ အဖွဲ့ ဆိုတာကို ကိုယ်တိုင်ပြန်လည် ဖမ်းဆီးရတာမျိုး ပေါ်ပေါက်လာ၊ ဘာ့ကြောင့် ဖမ်းတာလဲ … အဲဒီ နယ်မြေတွေမှာ သယံဇာတ လုပ်ငန်းအပြင် လူတွေရဲ့ စီးပွားရေး ဘယ်လို လည်ပတ်နေရလဲ … ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက်

- အမေရိကန်ပြည်ထောင်စု၊ သမ္မတ ထရမ့် အစိုးရက ပြည်ဝင်ခွင့် လုံးဝ ပိတ်တဲ့ နိုင်ငံတွေထဲ မြန်မာ ကို ထည့်သွင်း လိုက်ပြီး မရှေးမနှောင်းမှာပဲ တရုတ်အစိုးရက မြန်မာက စီးပွားရေးလုပ်ငန်းရှင်တွေ တရုတ်နိုင်ငံထဲ ရက်ရှည် နေထိုင်ခွင့် ရှိတဲ့ ပြည်ဝင်ခွင့် ဗီဇာ ခွင့်ပြု သွားမယ် ဆိုပြီး တရုတ်သံရုံးက မနေ့က ကြေညာ၊ ဘယ်လို ပုံစံမျိုးလဲ … ဘယ်သူတွေ အတွက် အကျိုးရှိနိုင်လဲ …. ဘီဘီစီသတင်းလွှာ

- ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံး မြို့ ဖြစ်တဲ့ ခါးကစ်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ပဲ့ထိန်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ရပြီး၊ အယောက် ၂၀ ကျော် ဒဏ်ရာရ

- ဟားမတ်စ်တွေ ဖမ်းဆီးထားခဲ့တဲ့ ထိုင်းနိုင်ငံသား ဓားစာခံရဲ့ ရုပ်အလောင်းကို ဂါဇာထဲမှာ ပြန်တွေ့ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်၊ အသက် ၃၅ နှစ် အရွယ် နတ်တာပွန် ပင်တာ ဆိုသူဟာ အစ္စရေး တောင်ပိုင်းမှာ စိုက်ပျိုးရေး ဝန်ထမ်း အဖြစ် လုပ်ကိုင်နေတုန်း ဟားမတ်စ်တို့ရဲ့ ၂၀၂၃ အောက်တိုဘာ တိုက်ခိုက်မှု အတွင်း ဖမ်းဆီးခေါ်ဆောင် သွားခံရသူတွေထဲက တစ်ယောက် ဖြစ်၊ အခု ဂါဇာတောင်ပိုင်း ရာဖာ မှာ ပြုလုပ်နေတဲ့ အထူး စစ်ဆင်ရေး အတွင်း မစ္စတာ နက်တာပွန်ရဲ့ ရုပ်အလောင်းကို ရရှိခဲ့တာ ဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကက်ဇ် ပြော

- ထိုင်း အစိုးရဟာ ကမ္ဘောဒီးယားနဲ့ကြား ပဋိပက္ခ ဖြစ်နေတဲ့ နယ်စပ်ဒေသကို စစ်ကူတပ်တွေ စေလွှတ်၊ နှစ်နိုင်ငံကြား နယ်စပ် စည်းရိုး အသေအချာ ပိုင်းခြား မထားတဲ့ နေရာမှာ ပြီးခဲ့တဲ့ မေလ အကုန်ပိုင်း ကတည်းက စလို့ နှစ်ဘက် တင်းမာမှုတွေ ရှိနေပြီး ပစ်ခတ် ကြတဲ့ အထိ ပေါ်ပေါက် လာခဲ့၊ ကမ္ဘောဒီးယား ပိုက်နက် ပြဿနာကို နိုင်ငံတကာ တရားရုံး ICJ ကနေ တဆင့် အဆုံးအဖြတ် ခံယူမယ်လို့ ဆိုပေမယ့် ထိုင်းကတော့ နှစ်နိုင်ငံကြားပဲ ဆွေးနွေး ဖြေရှင်းလိုတဲ့ သဘောထားမျိုး ရှိနေ

- ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ အိမ်စောင့် အစိုးရက နောက် လာမယ့်နှစ် ဧပြီလမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပြီး ရက်သတ်မှတ်ပေမယ့် အဓိက နိုင်ငံရေး ပါတီကြီး ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ BNP က တော့ အဲဒါကို ပယ်ချလိုက်ပြီး အမြန်ဆုံး ကျင်းပပေးဖို့ ထပ်လောင်း တောင်းဆို ….. စတဲ့ ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက်ထားပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Published on Saturday, 7th June 2025.

Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.