ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန်စစ်ဦးစီးချုပ်နေရာမှာ ထပ်ခန့်ထားတဲ့ နောက်ဗိုလ်ချုပ်ပါ ထပ်မံသေဆုံး

အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန်စစ်ဦးစီးချုပ်နေရာမှာ ထပ်ခန့်ထားတဲ့ နောက်ဗိုလ်ချုပ်ပါ ထပ်မံသေဆုံး

Download အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန်စစ်ဦးစီးချုပ်နေရာမှာ ထပ်ခန့်ထားတဲ့ နောက်ဗိုလ်ချုပ်ပါ ထပ်မံသေဆုံး

ဇွန်လ ၁၇ ရက်၊ အင်္ဂါ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်
- ဖားကန့်မှာ အရပ်သားတွေ သတ်ဖြတ်ခံရမှု သီတင်း နှစ်ပတ်အတွင်း အယောက် ၂၀ ကျော်ရှိလာပြီ … ဘယ်သူတွေရဲ့ လက်ချက်လဲ …. ဘာကြောင့် သတ်ဖြတ်ခံနေရတာလဲ … ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက်
- နိုင်ငံရေးအကျဥ်းသားတွေ ဖြစ်တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်တို့ကို ထောင်ပြာင်းစဥ် ရိုက်နှက်တာတွေ ရှိတယ်လို့ အကျဥ်းသားအရေး လှုပ်ရှားသူတွေ ပြော၊ အကျဥ်းထောင်တွင်းက NLD အစိုးရလက်ထက် ဝန်ကြီးချုပ်တွေနဲ့ ဦးဝင်းထိန်တို့ရော ဘယ်လိုအခြေအနေ ရှိနေလဲ …. နီးစပ်သူတွေရဲ့ ပြောပြချက်
- တအာင်းတပ် TNLA ပါဝင် ဖွဲ့စည်းထားတဲ့ တအာင်းပြည် ကောင်စီက ဒီနှစ်အတွင်းမှာ တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့ အစိုးရတရပ် ဖွဲ့စည်းမယ်လို့ ကြေငြာ လာခဲ့တဲ့ နောက် .... အဲဒီ ကြေငြာချက်အပေါ် ရှမ်းအဖွဲ့အစည်းတချို့က ကန့်ကွက်နေ၊ ရှမ်းအဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို အခြေခံ အကြောင်းတွေနဲ့ အခုလို ကန့် ကွက်တာလဲ။ တအာင်းပြည် ကောင်စီကရော ဘယ်လိုတုံ့ပြန်သလဲ ... ဘီဘီစီ သတင်းလွှာ
- အစ္စရေးက သူတို့ အီရန်မြို့တော် တီဟီရန် မြို့လယ်ကို ပစ်မှတ်ထား လုပ်ဆောင်တဲ့ တိုက်ခိုက်မှု အတွင်း လက်ရှိ အီရန် စစ်ဦးစီးချုပ် အဖြစ် တာဝန်ပေးခံထားရတဲ့ အလီ ရှတ်ဒ် မာနီ ဆိုတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကို ရှင်းလင်း ပစ်နိုင်တယ်လို့ ထုတ်ပြန်၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ စစ်ဦးစီးချုပ် နေရာမှာ အစားထိုး ခန့်ထားတဲ့ သူကိုပါ အခု အစ္စရေးက ပစ်မှတ်ထား ရှင်းလင်း ပစ်တာ ဖြစ်
- အခုလို အီရန် ရဲ့ ထိပ်ဆုံးပိုင်းကို အတိတကျ ပစ်မှတ်ထားပြီး အစ္စရေးက တိုက်ခိုက် နိုင်စွမ်း ရှိတာကို ကြည့်ရင် အစ္စရေးဟာ အီရန်ရဲ့ ထောက်လှမ်းရေး အတွင်းပိုင်းထဲထိ ထိုးဖောက် ဝင်ရောက် နေပြီး၊ အရေးကြီး သတင်းတွေကို ရရှိနေတာ ထင်ရှားလှတယ်လို့ ဘီဘီစီ သတင်းထောက်ကပြော
- အစ္စရေးဟာ ပြီးခဲ့တဲ့ ည တုန်းကလည်း တဟီရန်မြို့တော် အနောက်ဘက်ခြမ်း ပစ်မှတ်တွေကို တိုက်ခိုက်နေခဲ့ပြီး၊ အီရန်ကလည်း မစ်ဆိုင်းဒုံးတွေနဲ့ ပြန်လည် ပစ်ခတ် နေ
- အစ္စရေးမှာ ရှိနေတဲ့ မြန်မာ တစ်ဦးနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက် .... စတဲ့ ထိပ်တန်း မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
https://bbc.in/36H8bsY
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
https://bbc.in/2TSNLYZ
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Published on Tuesday, 17th June 2025.

Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.