ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘဏ်မှာ ပင်စင်ထုတ်ဖို့ UID စမတ်ကတ် လဝက ရုံးမှာ သွားလုပ်ထားဖို့လိုကြောင်း ဘဏ်ဘက်က နှိုးဆော်နေ

ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘဏ်မှာ ပင်စင်ထုတ်ဖို့ UID စမတ်ကတ် လဝက ရုံးမှာ သွားလုပ်ထားဖို့လိုကြောင်း ဘဏ်ဘက်က နှိုးဆော်နေ

Download ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘဏ်မှာ ပင်စင်ထုတ်ဖို့ UID စမတ်ကတ် လဝက ရုံးမှာ သွားလုပ်ထားဖို့လိုကြောင်း ဘဏ်ဘက်က နှိုးဆော်နေ

ဇူလိုင်လ ၂၂ ရက်၊ အင်္ဂါ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်
- ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘဏ်မှာ ပင်စင်ထုတ်ဖို့ UID စမတ်ကတ် လဝက ရုံးမှာ သွားလုပ်ထားဖို့လိုကြောင်း ဘဏ်ဘက်က နှိုးဆော်နေ၊ UID ဆိုတာ ဘာလဲ ... UID မရှိသေးရင်ရော ပင်စင်ထုတ်နိုင်မှာလား၊ UID လုပ်ဖို့ လက်တွေ့မှာရော သက်ကြီးရွယ်အိုတွေ အတွက် လွယ်ကူလား … ဘီဘီစီ သတင်းလွှာ
- စစ်ကောင်စီက စစ်မှုထမ်းပြီးသူတွေကို အစိုးရ ဌာနတွေမှာရော ပုဂ္ဂလိက လုပ်ငန်းတွေမှာပါ ဦးစားပေး အလုပ်အကိုင်ရရှိရေးနဲ့ စစ်မှုမထမ်းခင်က အလုပ်၊နေရာတွေအတိုင်း ပြန်ရဖို့ ရည်ရွယ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းထား၊ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီက ဘာတွေ လုပ်ဆောင်မလဲ ... အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းခွင်တွေ အပေါ် သက်ရောက် ရိုတ်ခတ် လာနိုင်လား .... ဘီဘီစီ သတင်းလွှာ
- မန္တလေးမြို့မှာ ကာရာအိုကေ KTV ခန်းတွေကို တစ်လပိတ်သိမ်းဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတဲ့အတွက် ပိတ်သိမ်းထားကြရ၊ ပိတ်ထားရတဲ့ KTV ခန်းတွေဟာ ဟိုင်းခန်းလို့ခေါ်ကြတဲ့ မူးယစ်ဆေးသုံးစွဲလို့ရတဲ့ အခန်းတွေဖြစ်တယ်လို့ ဒေသခံတွေ ပြော၊ အဲဒီလို KTV ခန်းတွေရဲ့ ပြဿနာ ဘယ်လောက် ကျယ်ပြန့်နေလဲ ... ဘီဘီစီ သတင်းလွှာ
- နိုင်ငံတကာဘက်မှာတော့ …. ဂါဇာကမ်းမြောင် အလယ်ပိုင်း မြို့ ဒယ်ရာအယ်လ် ဘာလာကို အစ္စရေး စစ်တပ်က ဝေဟင် မြေပြင် ထိုးစစ်တွေ ဆက်လက် ပြုလုပ်
- ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် စာသင်ကျောင်းထဲ ပျက်ကျတဲ့ ဖြစ်ရပ် သေဆုံးစာရင်း အယောက် ၃၀ အထက် ရောက်ရှိလာ၊ ဒဏ်ရာရသူ ၁၆၀ ဝန်းကျင်ရှိ၊ စက်ချို့ယွင်းလို့ ပျက်ကျရတာလို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ပြော
- အိန္ဒိယမှာ အာဏာရ ဘီဂျေပီ ပါတီ ခန့်ထားတဲ့ ဒုသမ္မတ ရုတ်တရက် နုတ်ထွက်သွားလို့ အစိုးရထဲ ဘာတွေ ဖြစ်နေလဲ ဆိုတာ အများသိအောင် ထုတ်ပြန်ပေးဖို့ အတိုက်အခံတွေ တောင်းဆို
- ဂျပန်မှာ ၂၀၁၁ ငလျင်ကြီးနဲ့ ဆူနာမီ အပြီး ပထမဆုံး နျူဓာတ်ပေါင်းဖို ဆောက်နိုင်ဖို့ စိုင်းပြင်းနေ .... စတဲ့စိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းတွေ တင်ဆက်ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
https://bbc.in/36H8bsY
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
https://bbc.in/2TSNLYZ
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Published on Tuesday, 22nd July 2025.

Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.