ဇူလိုင်လ ၂၃ ရက်၊ ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်
- မန္တလေး MDY-PDF နဲ့ ပူးပေါင်းတပ်တွေ သပိတ်ကျင်းကို လက်လွှတ်လိုက်ရတယ် ဆိုတဲ့ မြေပြင် သတင်းထွက်လာချိန်၊ သပိတ်ကျင်းနယ် ဧရာဝတီ မြစ်ကြောင်းထဲ ဗန်းမော်ကို စစ်ကူပို့နေတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး အုပ်စုတွေ ကြားဖြတ် မိုင်းခွဲ တိုက်ခိုက်
- ပုဂံ ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်ဒေသ တဝိုက် ညောင်ဦးနယ်ထဲ စစ်ရှောင်တွေ သောင်းနဲ့ချီရှိလာ၊ စစ်ကောင်စီက ဘာကြောင့် အဲဒီ နယ်ထဲ စစ်ကြောင်းထိုး နေတာလဲ .. ဘီဘီစီ သတင်းလွှာ
- မြန်မာစစ်တပ်၊ စစ်ကောင်စီတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အပါအဝင် လေယာဉ်ဆီရရှိရေးကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်း ၃ ခုကို အမေရိကန် ကွန်ဂရက်စ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု ကော်မတီ အတည်ပြု
- ဂါဇာထဲ ငတ်မွတ် ခေါင်းပါးမှု အတိုင်းအတာ ပမာဏ အလွန်အမင်း ကြီးမားကျယ်ပြန့် လာနေပြီး၊ အရပ်သားတွေရော ထောက်ပံ့ ကူညီတာတွေ လုပ်နေကြတဲ့ ပရဟိတ အဖွဲ့သားတွေပါ ကိုယ်ခန္ဓာ ပိန်လှီ ချုံးကျလာတာက အစ ကျန်းမာရေး ချို့ယွင်းလာနေကြရတယ် ဆိုပြီး နိုင်ငံတကာ ပရဟိတ အဖွဲ့ ၁၀၀ ကျော်က သတိပေးချက် စုပေါင်း ထုတ်ပြန်
- ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်းနဲ့ ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်ဖို့ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့ကို သွားနေကြပြီလို့ ရုရှားအစိုးရ ပြောခွင့်ရသူ ထုတ်ဖော် ပြောကြား
- အမေရိကန်နဲ့ ဂျပန်ကြား ကုန်သွယ်ရေး သဘောတူမှု အသစ် ရရှိလာ၊ ဂျပန် ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်မယ် ဆိုပြီး သမ္မထရမ့် သတ်မှတ် ထားတာကနေ အခု ၁၅ % အထိ လျှော့ချပေး ... စတဲ့ စိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းတွေ တင်ဆက်ထားပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
https://bbc.in/36H8bsY
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
https://bbc.in/2TSNLYZ
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Published on Wednesday, 23rd July 2025.
Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.