Download ဝမ်ပေါင်ကြေးနီ ကုမ္ပဏီ စစ်တပ်လုံခြုံရေး ရယူပြီး အပြည့်အဝ လည်ပတ်နေပြီ
အမေရိကန် လေတပ်က ဗုံးကြဲပြီး အီရန်ရဲ့ တာလတ်ပစ် ဒုံးကျည် လောင်ချာ အလုံးပေါင်း ဒါဇင်နဲ့ချီကို ဖျက်စီးပစ်နိုင်ခဲ့တယ်လို့ ပြောနေချိန်မှာ အစ္စရေးကလည်း အီရန် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဆောက်အအုံတွေကို စစ်မျက်နှာသစ် တခုကို စဖွင့် တိုက်နေပြီလို့ ဆိုပါတယ်။
- အီရန်ကလည်း ကူဝိတ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒရုန်းတွေနဲ့ ပစ်မှတ် ထား တိုက်ခိုက်ခဲ့ချိန်မှာ အစ္စရေးမြို့တော် တယ်လ်ဗိ မှာ ပေါက်ကွဲသံတွေ ကြားရ
- အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်နေတဲ့စစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကို ဆုတ်ယုတ်သွားစေနိုင်တယ်လို့ ကာတာနိုင်ငံက သတိပေးထားပါတယ်။
- အဇာဘိုင်ဂျန် အနောက်ပိုင်း အီရန်နယ်စပ်နားက နက်ချီဗန်မြို့ စာသင်ကျောင်းနားက လေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ အီရန်စစ်တပ်က ပြောပေမယ့် အဇာဘိုင်ဂျန်က အီရန်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်။
- အီရန်မှာ ပြည်တွင်းစစ်ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ဥရောပသမဂ္ဂ သံအကြီးအကဲ ခါဂျာ ခလာ့စ် က ပြောပြီး အီးယူအနေနဲ့ ပင်လယ်ကွေ့ ဒေသ ရေကြောင်း လုံခြုံမှုတွေ အပေါ် စိုးရိမ်လျက် နေတဲ့အပြင် ဟောမုစ် လက်ကြား ပြန်ဖွင့်ဖို့ အပါအဝင် ရေကြောင်းသွားလာမှုတွေ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆို။
- အစ္စရေးဟာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ အခြေစိုက်ရာ ဘေရွတ် မြို့တော် တောင်ပိုင်းဆင်ခြေဖုံး အပါအဝင် လက်ဘနွန် ကို ဆက်လက် ပစ်ခတ်တိုက်ခိုက်နေ။
- ဗြိတိန်မှာ အီရန်ထောက်လှမ်းရေးအတွက် သူလျိုလုပ်ပေးမှုနဲ့ လူ ၄ ယောက်ကို ဖမ်းထား
- အီရတ် ကာဒစ်စတန်မှာရှိတဲ့ အီရန် ကားဒစ်ရှ်တပ်ဖွဲ့တွေရဲ့ ဌာနချုပ်ကို ဒုံးကျည်သုံးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်စစ်တပ်က ပြော
- အီရန် လခြမ်းနီ အဖွဲ့က အထိ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အီရန်မှာ သေဆုံးသူ အရပ်သား တထောင့်တရာကျော်သွားပြီလို့ ပြော
- အင်ဒိုနီးရှားမှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ယက် သုံးစွဲမှု ပိတ်ပင်ခံရတော့မယ့်အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းတွေနဲ့ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://bbc.in/2TSNLYZ
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Published on Friday, 6th March 2026.
Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.