- အောက်တိုဘာ ၂၄ တရက်တည်း မှာတင် ယာဉ်မတော်တဆမှုတွေကြောင့် လူ ၇ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရ
- လာမယ့် ၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းက မုန်တိုင်းငယ်ကြောင့် မြနမာ နိုင်ငံအနှံ့ မိုးရွာပြီး ဒေသတချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတိပေး
- ပြင်သစ်မှာ မနေ့ စနေနေ့က နိုင်ငံတစ်ဝန်း ဖြစ်ခဲ့တဲ့ ၊ လူနေမှုစရိတ် မြင့်တက်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ထောင့်သုံးရာ ကျော် ဖမ်းဆီးခံခဲ့ရ
- ယူကရိန်းဟာ သူ့ရဲ့ Starlink ဂြိုဟ်တုစနစ်ကို တိုက်ခိုက်ရေးဒရုန်း စစ်ဆင်ရေးတွေ အတွက် အသုံးပြုပြီး ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ နည်းပညာဆိုင်ရာ သူကြွယ်ကြီး အီလွန်မာ့စ်ခ် က စွပ်စွဲ
- အမေရိကန်မှာ နိုဝင်ဘာ ၃ ရက်နေ့ လွှတ်တော်သက်တမ်းလယ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြင့်လုပ်ဆောင်နေပြီး သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ဟာ အိုဟိုင်းရိုး နဲ့ မီရှီဂန် ပြည်နယ်တွေမှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲတွေကို တက်ရောက်ခဲ့သလို သမ္မတ ထရမ့် ကတော့ ဖလော်ရီဒါမှာ ကြိုတင်မဲပေးပြီးနောက် ဂျော်ဂျီယာက ရီပတ်ဘလီကန်ပါတီ မဲဆွယ်ပွဲကို သွားရောက်ခဲ့
- ယီမင် နိုင်ငံမှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ကို တိုက်ခိုက်နေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ဆော်ဒီအာရေဗျ တောင်ပိုင်းကို ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်း ဒုံးကျည် ၁၀ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြော
- ဘရာဇီး သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ လက်ဝဲယိမ်းသမ္မတ လူလာ ဟာ ဒီလအစောပိုင်းက ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ လက်ယာယိမ်း အထက်လွှတ်တော်အမတ် Flávio Bolsonaro ဖလာဗီယို ဘိုဆွန်နာရူး နဲ့ ယှဉ်ပြိုင်နေ
- အိန္ဒိယမှာ အငြင်းပွားဖွယ် ရေအားလျှပ်စစ်ဆည် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၂၅၀ ခန့်ကို နိုင်ငံအရှေ့မြောက်ပိုင်း အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ဆီ စေလွှတ်ထားရ
- ဗြိတိသျှ ဝန်ကြီးချုပ် အန်ဒီဘာနမ် က ဥရောပသမဂ္ဂ ရဲ့ လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို ဗြိတိန်အနေနဲ့ ပြန်ကျင့်သုံးမယ့် အစီအစဉ်ကို ဆန့်ကျင်မှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားလိုက်တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://bbc.in/2TSNLYZ
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
Published on Sunday, 25th October 2026.
Available Podcasts from ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
Subscribe to ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
We are not the BBC, we only list available podcasts. To find out more about the programme including episodes available on BBC iPlayer, go to the ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် webpage.